Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ
Jul 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုး တော်ဆောင်အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်အတွင်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်စာရင်းထွက်ရှိ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ တစ်နိုင်ငံလုံးရှိ စာဖြေဆိုခဲ့သော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာန (၂၀၆ )ဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၇)ခုတို့၌ ပထမကြီးပထမလတ်/ ပထမငယ်/ အခြေပြုမူလတန်းတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်း သံဃာ / သီလရှင် စုစုပေါင်း ( ၆၂၅၇၂ ) ပါးတို့အနက် ဖြေဆိုသံဃာ (၄၆၄၁၄)ပါးတို့ ဖြေဆိုတော်မူရာ (၁၄၃၄၈) ပါး ဖြေဆိုအောင်မြင်တော်မူကြရာ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့်စည်ကား
Jul 09,2025
ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အပါအဝင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းသဖြင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျ
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသော ကြီးအုံကြီးဝတမံမှာ ယခုရက်ပိုင်း မိုးများရွာသွန်းလျက်ရှိမှုကြောင့် တမံအတွင်း ရေဝင်ရောက်မှုတိုးလာခဲ့ပြီး ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၊ အ.မ.က (ဘယ်လက်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 09,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က (ဘယ်လက်)တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ် စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Bacque…
Jul 09,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr.Arnaud de Baecque အား ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဂွတ်ဒ်ဘရားသားကုမ္ပဏီတွင် တောင်သူများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံအား Export တိုက်ရိုက်တင်ပို့ဆောင်ရွက်ခြ…
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဂွတ်ဒ်ဘရားသားကုမ္ပဏီတွင် တောင်သူများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံအား Export တိုက်ရိုက်တင်ပို့ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေး-နတ်မောက်လမ်း၊ ကံလှကျေးရွာ ဂွတ်ဒ်ဘရားသားကုမ္ပဏီရုံးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ မကွေးတိုင်းတောင်သူအဖွဲ့မှ တိုင်းတောင်သူဥက္ကဋ္ဌ၊ ဂွတ်ဒ်ဘရားသားကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မကွေး၊ မင်းဘူးနှင့် မြို့သစ်မြို့နယ်များမှ တောင်သူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့အကြောင်း ဟောပြောပွဲနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1127
Page
1128
Page
1129
Page
1130
Current page
1131
Page
1132
Page
1133
Page
1134
Page
1135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department