Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သင်တန်းသူများ အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသမျာ…
May 31,2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်း (၂)ကျောင်းတို့မှ ပထမနှစ် သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူမျ…
May 31,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ အမကမူလွန်စာသင်ကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူများအား(အခမဲ့) ဆေးကုသပေးနေမှု များကို လှည့်လှည်ကြည့်ရှုကာအားပေးစကားများပြောကြားခဲ့ပြီး အဆိုပါစာသင်ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသောကျောင်းဆောင်အားလည်းကောင်း၊ ကကျက်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဆောင်ကို လည်းကောင်း၊ တပ်ရာကျေးရွာ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းအား လည်းကောင်း အမိုးလန်၊ပျက်စီးနေမှုအား လှည့်လှည်ကြည့်ရှုကာ စာသင်ကြားနိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့်ပျက်စီးကျောင်းဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီတာပေါ်လင်မိုးနေမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာဆရာ/ဆရာမများအား ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အ…
May 31,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး နှင့် ဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှုများအား ကွင်းဆင်းစစ်ဆေး
May 31,2023
ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုများကွင်းဆင်းကြည့်ရှု့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အလယ်တန်းကျောင်း၊ ပိုးစာခြံမူလတန်းကျောင်းနှင့် ခေါလိုင်အလယ်တန်းကျောင်းခွဲများသို့ ကျောင်းအပ်နှံမှု၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားများ၏ လိုအပ်ချက်၊ လိုလားချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်က…
May 31,2023
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်နှင့် လိုလားချက်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် မေ ၃၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးပြုလုပ်
May 31,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရန် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 31,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မိုးမောက်မြို့နယ်သို့ လာရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ချက်များအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11168
Page
11169
Page
11170
Page
11171
Current page
11172
Page
11173
Page
11174
Page
11175
Page
11176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department