တနိုင်း ဇွန် ၅
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပွဲတော်ကို ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီက အောင်စိုးမိုးကျေးရွာ လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသစ်ပင်စိုက်ပွဲတွင် တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့၀င်များ၊ တနိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ တနိုင်းမြို့နယ် စည်ပင်သာယာရေး ၀န်ထမ်းများ၊ အောင်စိုးမိုးကျေးရွာပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ခန့် စုပေါင်း၍ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကျွန်းအပင်ရေ (၅၀)၊ ဇမ္ဗုဗေဒအပင်(၁၅၀) စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ပိုင်ထွန်း(တနိုင်း)