ကျုံပျော်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး။

ကျုံပျော် ဇွန် ၅

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို တာသစ်လမ်း၊ ပင်လုံရပ်ကွက်၌ ဇွန်လ ၅ ရက် နံနက် ၇ နာရီခွဲက ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦး‌ဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနတောအုပ်ကြီး ဦးထွန်းနိုင်သန်းနှင့် သစ်တောဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးများ တက်ရောက်ကြပြီး၊ ကျွန်း (၅၀၀)ပင်နှင့် မန်ဂျန်ရှား(၅၀၀)ပင် စုစုပေါင်း အပင် (၁၀၀၀) အား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ဒေသတွင်း အပူချိန် လျော့ကျလာ‌စေရန်နှင့် သစ်‌‌တောသစ်ပင် ပြုန်းတီးမှု မဖြစ်‌ပေါ်‌စေရန် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး ( ပြန်/ဆက်)