အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံမိဘပြည်သူများနှင့် ကျောင်းသား/သူများ ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက အမှတ်(၁)ရပ်ကွက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါ အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်/ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရေဦးထီယွန်းကျောင်း၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို  ယနေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်(၃)မျိုးအား ရောင်းချမှုမရှိစေရေး တောင်တွင်းကြီး မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉:၃၀ နာရီမှစတင်၍ အမက(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။