ခမောက်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်/ဓာတ်ပုံနှင့် စာအုပ်ပြပွဲများပြုလုပ်

ခမောက်ကြီး ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်/ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ နိုင်ငံတော်မှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊  မူးယစ်ဆေးဝါးသုံးစွဲခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဆောင်းပါးများ၊ ပြုပြင်တားဆီးရမည့်နည်းလမ်းများ စသည့်ပညာပေးစာစောင်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအနွယ်ဝင်များဖြစ်ကြသည့် မူးယစ်ဆေးဝါးပစ္စည်းများကို မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များ စသည့်နံရံကပ်စာစောင်များ ဓာတ်ပုံပြဘုတ်၊ စာအုပ်/စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)