ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံပေး

ကျိန္တလီ ဇွန် ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ နာရီမှစတင်၍ အမက(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပညာသင်ကြားနေသော အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် အ.မ.က (ရမ္မာကျွန်း)မှ ကျောင်းသား/သူ (၄၆)ဦး၊ အ.ထ.က(ကျိန္တလီ)မှ ကျောင်းသား/သူ(၅၇၈)ဦး၊ အ.မ.က (ချင်းကွင်း)မှ ကျောင်းသား/သူ (၃၀)ဦး၊ ငါးရံ့ကျော်(မူလွန်)မှ ကျောင်းသား/သူ(၅၂)ဦး၊ အ.မ.က (သဲကုန်း)မှ ကျောင်းသား/သူ(၂၂)ဦး၊  စုစုပေါင်း(၇၂၈)ဦး ထိုးနှံခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ဇော်လင်း