နွားထိုးကြီးမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မျိုးကောင်းမျိုးသန့် ချည်မျှင်ဝါ အခမဲ့ ဖြန့်ဖြူးပေးအပ်

နွားထိုးကြီး ဇွန် ၂၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါ အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ထားနွယ်မှ ဒေသအတွင်း စားသုံးဆီ ဖူလုံအောင်သုံးစွဲနိုင်ရန် ဧကလျာထားပြီး ချည်မျှင်ရှည်(B-31)မျိုး၊ Pilot Area စံပြကွက် (၅၀) ဧက လျှော်ဖြူ ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ တောင်သူ (၂၆)ဦး၊ ချည်မျှင်ရှည်ဝါ ရွှေတောင် (၁၀) မျိုးစေ့ထုတ် (၆၆) ဧက စိုက်ပျိုးမည့် လက်ဝဲကျေးရွာ၊ ပဲချက်ကျေးရွာ၊ မြဝတီ ကျေးရွာ၊ ကြာပင်အိုင်ကျေးရွာတို့မှ တောင်သူ (၃၇) ဦးတို့အား ချည်မျှင်ရှည်ဝါမျိုးသန့်များကို အခမဲ့ ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်