တာလေ ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးအား တစ်ဦးလျှင် စာအုပ် (၁)ဒါဇင် ၊ ဘောပင်(၁၀)ချောင်း၊ ခဲတံ(၁)ဗူး၊ ပေတံ(၁)ချောင်း၊ ထီး (၁) လက်နှင့် ထောက်ပံ့ငွေများအား ပေးအပ်ရာ ဝန်ထမ်း သား၊ သမီး ကျောင်းသား၊ ကျောင်းသူ(၁၉)ဉီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)