Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Jun 23,2023
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေး ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်း သက်သ…
Jun 23,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ရသေ့တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုး အမှုထမ်းအဆင့် ထူးချွန်ဆုများချီးမြှင့်
Jun 23,2023
ဝန်ထမ်းအဖွဲ့အစည်းများ အားကောင်းခိုင်မာလာစေရန်နှင့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်၊ ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးစာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သော
အပြည့်အစုံ ဖတ်ရန်
ကေ့ာကရိတ်မြို့၌ အသေးစား စက်မှုလက်မှု လုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Jun 23,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန် းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ အမှတ်(၁)ရပ်ကွက် ဌာနဆိုင်ရာ ရုံးကုန်းလမ်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jun 23,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် မြို့သာယာလှပရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၅၆.၄) သန်း ဖြင့် အပိုင်း(၃)ပိုင်း ခွဲ၍ လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်ဌာနဆိုင်ရာ ရုံးကုန်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇွန်လဆန်းမှ စ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅%) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့၌ မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား (RS)မျိုးစပါးနှင့် ယူးရီးယားဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 23,2023
သံတွဲခရိုင်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် ယူးရီးယား ဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင် (Community Centre) ခန်းမ၌ အအေးပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့ (The future is in our hands) ခေါင်းစဉ်ဖြင့် အသိ…
Jun 23,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အအေးပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့ (The future is in our hands) ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ
Jun 23,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၃ ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁ နာရီတွင် မာန်အောင် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10771
Page
10772
Page
10773
Page
10774
Current page
10775
Page
10776
Page
10777
Page
10778
Page
10779
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department