မော်လမြိုင်ခရိုင် (Community Centre) ခန်းမ၌ အအေးပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့ (The future is in our hands) ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မော်လမြိုင် ဇွန် ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အအေးပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့ (The future is in our hands) ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြန်သီတာနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက်တို့က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာရခြင်း သမိုင်းအကြောင်း၊ အအေးပေးပစ္စည်းများမှ ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများအကြောင်း၊ အအေးပေးပစ္စည်းများကို နည်းစနစ်မှန် ကိုင်တွယ်ရန်နှင့် ဆောင်ရန် ရှောင်ရန် အချက်များအကြောင်း စသည့် ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုသရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)