အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌  ၂၀၂၃ ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁ နာရီတွင် မာန်အောင် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍‌ ကျောင်းသား/သူများအား(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
Jun 23,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးမှုလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် စပ်စီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေးမှုလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
Jun 23,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန်အတွက် အာဟာရပြည့်ဝသောတိရစ္ဆာန်အစာ ပင်များစိုက်ပျိုးကာ မွေးမြူသည့်စနစ်ကျင့်သုံး ဆောင်ရွက်လျက်ရှိရာ