အမ်း ဇွန် ၂၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးမှုလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် စပ်စီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေးမှုလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးစန်းဝင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် ဝန်ထမ်းများက စပ်စီကျေးရွာအုပ်စု၊ စပ်စီကျေးရွာရှိ ကျေးလက်နေပြည်သူအား အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ပေး၍ ကျေးလက်နေပြည်သူ(၆၀)ဦးခန့်အား တိုင်းရင်းဆေးဝါး (၂၂)မျိုးယူဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးကုသပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများနှင့်အခြားထုံနာ၊ ကျဥ်နာ၊ အဖျား ရောဂါအမျိုးမျိုးရှိသူများအား လိမ်းဆေး၊ သောက်ဆေးနှင့်လိုအပ်သော ဆေးဝါးများပေးခြင်း စသည့် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)