အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ယမန်နေ့ နံနက်ပိုင်းက  မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးပြီး မြသလ္လာခန်းမတွင် ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၃ရက်နေ့အထိ ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း လက်တွေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jun 22,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထပ်မံထောက်ပံ့သော စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်း(၁၃)မျိုးအား လေဘေးသင့် ပြည်သူများထံသို့ အမြန်ရောက်ရှိရေး မြို့နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ ၌ ပြုလုပ်သည်။
Jun 22,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းအား ယမန်နေ့​​ညနေအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှုထမ်း(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပပြု လုပ်ခဲ့သည်။
Jun 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယမန်နေ့နံနက်ပိုင်းကကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ‌ကျောင်း သား/ကျောင်းသူများအား အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးသည်။
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူ မိသားစုဝင်များအား Biometric ကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ​ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Jun 22,2023
ဇွန်လ ၂၁ ရက်နေ့ “နိုင်ငံတကာယောဂနေ့” အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။