အမ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း  ဇွန် ၂၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းအား ယမန်နေ့​​ညနေအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှုထမ်း(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူ လူငယ်များအားမူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်သိရှိလိုက်နာသင့်သည့် အကြောင်းအရာအချက်အလက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ဖြစ်ပေါ်လာမည့်  နောက်ဆက်တွဲရလဒ်ဆိုးကျိုးများအကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းရုပ်ပိုင်း ဆိုးကျိုးများသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း များကို ဟောပြောခဲ့သည်။ ဆက်လက်၍အမှုထမ်း(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာမကြီးက ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကိုရှောင်ရှားတတ်ကြစေရန်လိုအပ်ပါကြောင်း၊ အပေါင်းအသင်းကြောင့်ဖြစ်စေ မိမိတို့စိတ်ကပါ၍ဖြစ်စေအစပြု၍လုံးဝမသုံးစွဲကြစေရန်၊ မူးယစ်ဆေးဝါးများကိုမိမိတို့ ကျောင်းပတ်ဝန်းကျင်တွင်ကင်းရှင်းစေရေးတို့ကို ဟောပြောခဲ့သည်။

 ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိကသိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။

အဆိုပါဟောပြောပွဲသို့တက်ေရာက် လာသူများအားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တ ရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ် စာစောင်ဓာတ်ပုံများအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ၍ သိရှိလိုသည်များအား မြို့နယ်ဦးစီးမှူးက ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)