မိုးညို ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက "လူငယ်နှင့်ကိုယ်ကျင့်တရား"ခေါင်းစဥ်ဖြင့် အသိပညာပေး(Talk Show)ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းနှင့် ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်တို့က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် လောကတွင်လူကောင်းနဲ့လူဆိုး၊ အလင်းဘဝနဲ့အမှောင်ဘဝပိုင်းခြားပေးထားတဲ့ အပိုင်းအခြားသတ်မျဥ်းရှိပါတယ်။ အဲဒီမျဥ်းက ကိုယ်ကျင့်တရားဆိုတဲ့မျဥ်းဖြစ်ကြောင်း၊ ဘဝမှာပစ္စည်းဥစ္စာဆုံးရှုံးခြင်းဟာ ဆုံးရှုံးမှုအစစ်အမှန်မဟုတ်သလိုကိုယ်ကျင့်တရားဆုံးရှုံးခြင်းဟာ အလုံးစုံဆုံးရှုံးခြင်းဖြစ်ကြောင်း အနာဂတ်လူအဖွဲ့အစည်းကိုအမွေဆက်ခံမည့် လူငယ်လူရွယ်တို့အတွက် ကိုယ်ကျင့်တရားဖြူစင်ဖြောင့်မတ်ရေးသည်သာ အသက်သွေးတမျှအရေးကြီးကြောင်း၊ လူငယ်တို့အခြေခံလေ့ကျင့်ပျိုးထောင်ပေးရမည့် စိတ်ဓာတ်မှာရိုးသားဖြောင့်မတ်မှုပင်ဖြစ်ကြောင်း၊ ရိုးသားဖြောင့်မတ်ခြင်းကိုယ်ကျင့်တရားဖြူစင်ဖြောင့်မတ်ခြင်းသည် သာဘယ်သောအခါမှမကုန်ဆုံးနိုင်သော အရင်းအနှီးများပင်ဖြစ်ကြောင်း ကိုယ်ကျင့်တရားဖြူစင်မွန်မြတ်ခြင်းသည် လူသာဓုခေါ်၊ နတ်သာဓုခေါ်သော စိတ်ဓာတ်စွမ်းရည်ပင်ဖြစ်ကြောင်း လူငယ်တစ်ဦးမှာအဲဒီစိတ်ဓာတ်စွမ်းရည်ကိုပိုင်ဆိုင်လိုက်ပြီဆိုလျှင် လူတော်လူကောင်းဖြစ်ပြီဟု မှတ်ယူရမည်ဖြစ်ကြောင်း လူငယ်တိုင်းကိုယ်ကျင့်တရားကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ကိုမင်း (ပြန်/ဆက်)