သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

သီပေါ ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက် (၉) နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန်လ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက် (၉)နာရီမှမွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ၂၀၂၃ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၂၆၀)ဦး ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း  သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)