အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အ.ထ.က ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကာ သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Jun 24,2023
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများ တတ်မြောက်ပြီး မိသားစုအပိုဝင်မှ စီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ယမန်နေ့နံနက် (၁၀)နာရီက လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 24,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 24,2023
ကုန်စျေးနှုန်းများမြှင့်တင် မရောင်းချစေရေးအတွက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်းသို့ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက စျေးရောင်းချနေသူများအား လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jun 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနမှ Biometric ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 24,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သံဝေဇနိယ လေးဌာနဘက်စုံ ဖွံဖြိုးတိုးတက်ရေး ဂေါပကအဖွဲ့ များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၄/ ၂၀၂၃) ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။