ပေါင်းတည် ဇွန် ၂၄
ကုန်စျေးနှုန်းများမြှင့်တင် မရောင်းချစေရေးအတွက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်းသို့ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက စျေးရောင်းချနေသူများအား လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စားသုံးသူ ပြည်သူများအနေဖြင့် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးနှင့် ပစ္စည်းမှန်၊ စျေးမှန်ဝယ်ယူရရှိနိုင်စေရေးတို့အတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်အတူ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ဝင်များက မြို့မစျေးနှင့် ရွှေတည် စျေးသစ်အတွင်း အခြေခံစားသောက်ကုန်များ ရောင်းချသူများအား လိုက်လံအသိပေး နှိုးဆော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်မှု တို့ဖြင့်လည်း မြို့နယ်အတွင်း စားသုံးသူ ပြည်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် နေ့စဉ်စားသုံးနေကြသော အခြေခံစားသောက်ကုန်တို့ကို အခါအားလျော်စွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)