မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စုပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မုံးကိုး ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အ.ထ.က ကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကာ သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခေတ္တဗိုလ်မှူးလေး ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှုး ဦးလျံရှင်မုံးနှင့် မြို့ထွေအုပ်ဝန်ထမ်းများ၊ရဲအုပ်ဦးသောင်းထွန်းနှင့် မြို့ ရဲတပ်ဖွဲ့ဝင်များ၊ လဝကမှူး ဦးညီလေးနှင့် လဝကဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊မြို့အဆင့်ဌာနဆိုင်ရာများမှ အရာရှိများနှင့်ဝန်ထမ်းများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ ကျောင်းသားကျောင်းသူများများနှင့် ဆရာ/ဆရာမများက သစ်ပင်စိုက်ပျိုးပွဲလာရောက်ခဲ့ကြကြောင်း သိရပါသည်။ ထို့သို့ တတ်ရောက်လာသော ဧည့်သည်တော်(၁၂၀)ဦးကို မြို့အုပ်ချုပ်ရေးဝန်ထမ်းများက ပျိုးပင်များပေးအပ်စိုက်ပျိုးခဲ့ကြကြောင်း သိရပါသည်။ ထိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်(၆၀)၊ မယော်ဂနီး(၆၀)၊ စိန်ပန်းပြာ(၆၀)၊ စိန်ပန်နီ(၆၀)၊ ချယ်ရီ (၆၀)စသည့် ဒေသရာသီဥတုနှင့် သင့်လျော်သော ဒေသပေါက်ပင်၊ အရိပ်ရပင် စုစုပေါင်းပျိုးပင်ပေါင်း(၃၀၀)ပင်အား ၂၀၂၃-ခုနှစ်အတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိခဲ့ရပါသည်။

သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသစိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုကာကွယ်နိုင်ရေးတို့အတွက် ပြည်သူတိုင်းမှ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းလိုသော စိတ်ဓာတ်ထာဝစဥ်ရှင်သန်စေရန် ရည်ရွည်၍ မုံးကိုးဒေသအတွင်းရှိ ပြည်သူများနှင့်ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဥ်နှစ်တိုင်း ပြုလုပ်လာနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ကို သိရှိခဲ့ရပါသည်။

မေစံပယ်ဖူး (မုံးကိုး)