မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအားတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ

မိုင်းခုတ် ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုကျောင်းဆောင်သစ်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အလျား(၁၂ဝ)ပေ၊ အနံ(၃၀)ပေ နှစ်ထပ်ကျောင်းဆောင်ဖြစ်သည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတွင် KG မှ Grade-12 အထိကျောင်းသား (၁၂၅)ဦး၊ ကျောင်းသူ(၁၂၅)ဦး စုစုပေါင်း(၂၅၀)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)