နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သံဝေဇနိယလေးဌာန ဘက်စုံဖွံ့​ဖြိုးတိုးတက်ရေး ဂေါပကများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုဗ္ဗသီရိ ဇွန် ၂၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သံဝေဇနိယ လေးဌာနဘက်စုံ ဖွံဖြိုးတိုးတက်ရေး ဂေါပကအဖွဲ့ များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၄/ ၂၀၂၃)   ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာနေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် ဂေါပကအဖွဲ့များက ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိရ လေးဌာနသို့ လှည့်လည်​ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာ ရေဦးစီးဌာနမှ ညွှန်​ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ သံဝေဇနိယလေးဌာနမှ နာယကနှင့် ဂေါပကအဖွဲ့ဝင် များတက်ရောက်ခဲ့သည်။

ရှေးဦးစွာတက်ရောက်လာသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးစတင်ကာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦးမြင့်စိုးက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ သံဝေဇနိယလေးဌာန ရေအလုံအလောက်ရရှိရေး နှင့်ဘုရားများသန့်ရှင်းသာယာလှပရေး၊ အမြင်တင့်တယ်စေရေး၊ ဘုရားဖူးများအဆင်ပြေစိတ် ချမ်းမြေ့ စွာဖူးမြော်နိုင်ရေး ကြို တင်စီမံဆောင်ရွက် ထားရှိရမည့်ကိစ္စရပ်များကို မှာကြားခဲ့သည်။ ဆက်လက်၍ သံဝေဇနိယလေးဌာန နာယကကြီး ဦးထွန်းကြည်မှ သံဝေဇနိယလေးဌာန ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ရှေ့ဆက်လုပ်သင့်သည့် အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ပြီး နေပြည်တော် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်နှင့် ဂေါပကအဖွဲ့များက ဆောင်ရွက်မည့်အခြေအနေ များအားတင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက နိဂုံး ချုပ်အမှာစကားပြောကြား၍  အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ ဝင်ဦးမြင့်စိုးနှင့်ဂေါပကအဖွဲ့များက ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိရလေးဌာနသို့ လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)