ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းမြေမြုပ်ပွဲ အခမ်းအနားတက်ရောက်

ဝါးခယ်မ  ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယ‌နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းမြေမြုပ်ပွဲ အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု/ ကျေးရွာ၊ ရေလိန်ကွင်းအမှတ်(၁၀၁၄/ခ)သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီး ဦးဝင်းမောင်ပါတောင်သူ(၄)ဦးတို့၏ မိုးစပါးစိုက်ခင်း လယ်မြေ(၁၀)ဧကအတွင်း မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းမြေမြုပ်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ၊ တက်ရောက်ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များအား စုပေါင်းထည့်သွင်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ ဆက်)