ခရမ်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ (၁၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ဘုရားကြီး၏ မုတ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များ ၊သကျမာရဇိန် သွန်းဘုရားကြီး၏ ဘဏ္ဍာတော်ထိမ်းဂေါပကဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များ၊ ရောင်တော်ဖွင့်အဖွဲ့ဝင်များ၊ မြို့နယ်ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အလှူရှင်မိသားစုများတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တစ်ပေါင်းလဆန်း(၅)ရက် (၂၀-၂-၂၀၂၆)နေ့မှစ၍ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (၅)ရက်တိုင် ကျင်းပပြုလုပ်၍ တစ်ပေါင်းလဆန်း(၁၄)ရက် (၁-၃-၂၀၂၆)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၄)ကျောင်းမှ ပင့်သံဃာတော်အရှင်သူမြတ်(၄၇)ပါးတို့အား ဆွမ်းဆန်တော်များ လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)