ခန္တီးမြို့၌ နေကြာစိုက်ခင်းဘောင်တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်‌နေ့တွင် ကျရောက်မည့် (၆၄)ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍  နေကြာစိုက်ခင်းဘောင် တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ ကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက်(၁၀)နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ အောင်သာရပ် တောင်သူဦးညွှန့်ဝေ၏ နေကြာစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကြံခင်းမြို့နယ်ရှိ ကျေးလက်လမ်း တံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ကြာအင်ကျေးရွာ အုပ်စုတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်း တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ အခြေခံ ဗီဒီယို ရိုက်ကူး၊ တည်းဖြတ်သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ World Vision နှင့် ဌာနဆိုင်ရာများ ပူးပါင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံဗီဒီယို ရိုက်ကူး၊ တည်းဖြတ်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

အရာတော်မြို့၌ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမတွင် အသက် (၂) လမှ (၁၀) နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၇ နာရီ မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ ရှိ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးများ ဖြစ်ထွန်းအောင်မြင် လျက်ရှိသည်။

ယင်းမာပင်မြို့၌ Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ (ခ)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၂) တွင် Grade-5 နှင့် Grade-9 စာမေးပွဲများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှု များကို အမှတ်(၁)ရှေ့တန်းစစ်မျက်နှာ စစ်ဗျူဟာမှူး လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အဟာရမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Inter-Disciplinary Hackathon ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်  

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ Jnter-Disciplinary Hackathon ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်း မတွင်ကျင်းပပြုလုပ်ရာအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ‌ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံနာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် ငွေရတုပရိယတ္တိသာသနပါလက စာမေးပွဲအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံနာယက ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် ငွေရတု ပရိယတ္တိ သာသနပါလက စာမေးပွဲအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့၌ ၂၀၂၅--၂၀၂၆ ပညာသင်နှစ် Grade-5, အတန်းနှင့် Grade-9 အတန်းတို့ နှစ်ဆုံးစာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့်လူမှုရေးဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade -5 အတန်းနှင့်Grade-9အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့် လူမှုရေးဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့ (၁၁) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း  သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုဧည့်ခံပွဲအခမ်း အနားသို့ တက်ရောက်ချီးမြှင့်

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရကျောင်းသား ၊ ကျောင်းသူများ တက်ရောက် ကြသည်။
Subscribe to