နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း အမှိုက်ကင်းစင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့လုံးကျွတ်အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက်များ စုပေါင်းရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိ မြို့တွင်းလမ်းမကြီးများ၏ လမ်းဘေးဝဲယာနှင့် ရပ်ကွက်/ကျေးရွာများရှိ ပလတ်စတစ် စွန့်ပစ်အမှိုက်များ စု‌ပေါင်းရှင်းလင်းခြင်းနှင့် အမှိုက်မပစ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်အမှိုက်များ စုပေါင်းရှင်းလင်းခြင်းကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)