သတင်းစာဆရာကြီး မိသားစုမှ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်ငူ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အလှူရှင်သတင်းစာဆရာကြီး ဦးကျော်လှ(သမာဓိ)မိသားစုမှ ယမန်နေ့ နံနက်၇ နာရီခွဲက ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် အလှူရှင်သတင်းစာဆရာကြီး ဦးကျော်လှ(သမာဓိ)က လှူဒါန်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါက်တာမြသောင်း (ဆေးရုံအုပ်ကြီး-ငြိမ်း)၊ ​မြို့မိမြို့ဖ ဦးရဲမြင့် (ပွဲရုံလုပ်ငန်း)နှင့် တောင်ငူမြို့နယ်ဟိန္ဒူကောင်စီဒုတိယဥက္ကဋ္ဌ ဦးအေးနိုင် (ရီးရှင်းကုမ္ပဏီလီမိတက်)တို့က မုဒိတာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် တောင်ငူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှမှ ကျေးဇူးတင်စကားပြောကြားပြီး 40 Liter Oxygen အိုး (၃)လုံး၊ Yuwell ချွဲစုပ်စက် (၂)လုံး၊ Yuwell ချွဲအရည်ဖျော်စက်(၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ(ကာလတန်ဖိုး-၃၅သိန်း)ကျော် ပေးအပ်လှူဒါန်းခြင်းအတွက် အလှူရှင် သတင်းစာဆရာကြီး ဦးကျော်လှ (သမာဓိ) မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)