ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြ

ဇမ္ဗူသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ဓမ္မာရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် ဘောဂသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်စုကြည်တို့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်နေပြည်သူ (၄၄)ဦးအား မီးသတ်ဦးစီးဌာန၏ ဒေသန္တရအမိန့်များအား ချပြရှင်းလင်းခြင်း၊ တောမီး၊ မြက်ခြောက်မီး၊ အမှိုက်မီးရှို့ခြင်းများနှင့်ပတ်သက်၍ တားမြစ်ချက်များအား ချပြရှင်းလင်းများဆောင်ရွက်ခဲ့ပြီး၊ လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)