ထန်းတပင်မြို့နယ်၌ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကို မြို့နယ်သီရိမင်္ဂလာခန်းမ၌ ယမန်နေ့ နံနက် (၉:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။