မန်တုံမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)တွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့်AVIPသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အား ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းဖြင့် ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာ များ၏ လူမှုစီးပွားဘဝအခြေအနေကိန်းဂဏန်းအချက်အလက်များကို ကောက်ယူနိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်းနှင့်AVIPသင်တန်းကို မန်တုံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးအသိပညာဗဟုသုတရရှိရေး အသိပညာပေးဟော ပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ လယ်က စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၉) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၉) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ ပြည်ကြီးတံခွန် ဩဂုတ် ၁၂ ခင်စောလွင်

ကျောက်ဖြူမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဖြူမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ကျောက်ဖြူ ဩဂုတ် ၁၂ ဖြိုးဝေလင်း

ဟုမ္မလင်း၌ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးမျိုးစေ့ ထုတ်တောင်သူများနှင့် မိုးစပါးတင်း (၁၀၀) အထက် ထွက်ရှိရေးဆောင်ရွက်ရမည့် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချ​ခြင်းကို ယမန်နေ့ နံနက်(၁ဝ)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to