လက်ပံတန်းမြို့ ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား အိမ်သုံးပစ္စည်းများ ကူညီထောက်ပံ့

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် နဘဲကွင်းအုပ်စု ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လက်ပံတန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နဘဲကွင်းကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံထူးချွန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရေလွှဲဆည်များအား ကြည့်ရှုစစ်ဆေး

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရေလွှဲဆည်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

လောင်းလုံးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) သို့ ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီက သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်ပြုလုပ်ထားရှိမှုများ၊ ကျောင်းသား/ကျောင်းသူများ၏ အဆောင်များ၊ ကျောင်းသား/ကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသည့် Organic စိုက်ခင်းများကို လိုက်လံကြည့်ရှုရာ ကျောင်းအုပ်ကြီးဒေါ်တင်မိုးထွဋ်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဒေါ်မာမာအောင်တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် ညွှန်ကြားရေးမှူးချုပ်က ကျောင်းသား/ကျောင်းသူများ စားသောက်စရိတ်အဖြစ် ၁၀ သိန်းကျပ် လှူဒါန်းပေးခဲ့သည်။

မြေပုံမြို့နယ်အတွင်း ရေလမ်းကြောင်းသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန် အသက်ကယ်အင်္ကျီ (Jife Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရေလမ်းကြောင်းဖြင့် ခရီးသွားပြည်သူများအား အသက်ကယ်ဝတ်စုံ (Jife Jacket) များ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က မြေပုံမြို့ စက်လှေဆိပ်ကမ်း၌ ပြုလုပ် ဆောင်ရွက်သည်။

ဟိုပန်၌ အဆက်မပြတ်မိုးရွာသွန်းမူကြောင့် နမ့်ဆွမ်ချောင်းရေလျှံကာ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေဝင်ရောက်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဩဂုတ်လဆန်းအဝင်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုရှိခဲ့ရာ တောင်ကျရေများပြားလာခဲ့ပြီး မြို့လယ်တွင် ဖြတ်သန်း စီးဆင်းနေသည့် နမ့်ဆွမ်ချောင်းရေလျှံကာ ဩဂုတ်လ(၁၀)ရက်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကောင်းဟုန်းရပ်ကွက်၊စျေးရပ်ကွက်၊ မန်ခွန်ရပ်ကွက်နှင့် မြို့မဈေးထဲတစ်ချို့နေရာ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တစ်ချို့ရေများ ဝင်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကွမ်းလုံမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကွမ်းလုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဒုတိယဦးစီးမှူး ဦးနိုင်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိုးစပါးစိုက်ပျိုးသည့် တောင်သူများတက်ရောက်ကြသည်။
Subscribe to