ဟိုပန်၌ အဆက်မပြတ်မိုးရွာသွန်းမူကြောင့် နမ့်ဆွမ်ချောင်းရေလျှံကာ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေဝင်ရောက်

ဟိုပန် ဩဂုတ် ၁၂

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဩဂုတ်လဆန်းအဝင်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုရှိခဲ့ရာ တောင်ကျရေများပြားလာခဲ့ပြီး မြို့လယ်တွင် ဖြတ်သန်း စီးဆင်းနေသည့်  နမ့်ဆွမ်ချောင်းရေလျှံကာ ဩဂုတ်လ(၁၀)ရက်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကောင်းဟုန်းရပ်ကွက်၊စျေးရပ်ကွက်၊ မန်ခွန်ရပ်ကွက်နှင့် မြို့မဈေးထဲတစ်ချို့နေရာ မြေနိမ့်ပိုင်းနေရာများတွင်  ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တစ်ချို့ရေများ ဝင်ရောက်ခဲ့သည်။

ထိုသို့ ရေဝင်ရောက်မှုများ​ ဖြစ်ပွားသည့်နေရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေကြီးရေလျှံနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရေအနည်းငယ်ပြန်ကျ၍ အဆိုပါနေရာများအား ဌာနဆိုင်ရာ ဝန်ထမ်းများက ဒေသခံပြည်သူများနှင့်အတူ အမှိုက်သရိုက်များ ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားလျက်ရှိကြောင်းနှင့် ညပိုင်းတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ပြည်သူများက ရေကင်းစောင့်ကာ ရေအခြေအနေအား အဆက်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)