သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့နံနက် (၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်(အ.မ.က) ကသစ်တိုင်းကျေးရွာ အခြေခံပညာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက Amazing Keng Tong Resort တွင် ကျင်းပသည်။

ကာလိမြို့ အ.မ.က (လွိုင်ချို)ကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာမူလတန်း (လွိုင်ချို)ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့မှ ယမန်နေ့ နေ့လည် (၀၁:၄၀)အချိန်ခန့်က ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက်

မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက် မြောက်ဥက္ကလာပ ဩဂုတ် ၉ မြမြဝင်း

မိုင်းခတ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to