ကမမောင်းမြို့တွင် ရေလွှမ်းခံရသည့် နေရာများနှင့် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်သည့် နေရာများသို့ ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး သံလွင်မြစ်ရေ တက်ရောက်မှုကြောင့် ရေလွှမ်းခံရသည့် နေရာများနှင့် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်သည့် နေရာများကို ယနေ့နံနက်ပိုင်း၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။