ကာလိ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာမူလတန်း (လွိုင်ချို)ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းတို့ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ငုဝါက ကျောင်းသား၊ ကျောင်းသူများကို ဗဟုသုတရရှိစေမည့် ပုံပြင်စာအုပ်များဖတ်ပြခဲ့ခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်များ ဖတ်ရှု့စေပြီး မိမိကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)