ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့မှ ယမန်နေ့ နေ့လည် (၀၁:၄၀)အချိန်ခန့်က ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေ့ဦးစွာ ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များက ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ စိုက်ပျိုးရေးစခန်းတွင် စုဆောင်းထားရှိသော သိစ်စိမ်း မြေဩဇာ (ပိုက်ဆံလျော်)များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံစီးပွား ၈ ဘီလီယံဖြင့် ဆောင်ရွက်သည့် တကုန်းကြီးကျေးရွာနေ ဒေါ်ထားထားနွယ်၏ နို့စားနွားမွေးမြူခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲသည်။ ဆက်လက်၍ ကွင်းယားအရှေ့ ကျေးရွာရှိတောင်သူ ဦးစိုးအောင်၏ ၁ ဧက ၁၀ တင်း တိုးထွက်ရှိရေး လယ်မြေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးစပါး ၁ဧကတင်း ၁၀၀ အထက် ထွက်ရှိစေရေးအတွက် ကွင်းယား အရှေ့ကျေးရွာရှိ စံပြကွက်စိုက်တောင်သူများအား သွင်းအားစုနှင့် စိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် လမ်းဦးစီးဌာနမှ ရန်ကုန်-ပုသိမ်ကားလမ်းဘေးဝဲယာ မြက်ဖြတ်၍ သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်နေ ဦးမောင်မောင်ခင်၏ အောင်သိဒ္ဒိဆန်စက်တွင် Gasifire ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အာင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)