ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဩဂုတ် ၁၁ နေခြည်ကျော်

မိုးကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ယင်းနှင့်နန့်ကောင်း ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းနှင့် ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့၌ ယမန်နေ့တွင် ရေဝင်ရောက်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မူလတန်းအဆင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက စနစ်တကျဖြင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်ရှိ နေဝန်းနီ (IDP) တိုက်ပွဲရှောင်စခန်းတွင် ယမန်နေ့ညနေ (၁၄) နာရီအချိန်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေ းဟောပြောပွဲနှင့် ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အမှတ် (၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်ဝင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဘောလုံးအသင်းသားများမှ အသင်းသားများစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ​ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ ဘောလုံးအသင်းသားများ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အားကစားရုံ၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

နမ့်စန်တွင်  ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက်ရွေးချယ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုခွဲ မဲနှိုက် ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည် ၁၂နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများ ၊ မြို့နယ် အား/ကာကော်မတီဝင်များ ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့၌ ကျောင်းတွင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ကျောင်းတွင်းကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က.(ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် သဘာ၀ပျားရည်များ ဖွတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောကြောင့် သစ်ပင်ကြီးများ အများအပြားရှင်သန်ပေါက်ရောက်လျက်ရှိရာ သစ်ပင်ကြီးများပေါ်တွင် ပျားအုံဖွဲ့၍ စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသခံများက အဆိုပါ ပျားအုံများမှ သဘာ၀ပျားရည်ကို ဖွတ်ယူကာ ပျားရည်ဝယ်ယူသိုလှောင်သူ ပွဲစားများထံသို့ ရောင်းချခြင်းဖြင့် မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to