မဟာအောင်မြေမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသားကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၁၀ ရက်မှစတင်ကာ မဟာအောင်မြေမြို့နယ် (Community Centre)ခန်းမ၌ ကျင်းပသည်။