ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀) နှင့် အထက်အဘိုးအဘွားများအားကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့် အထက် ဘိုးဘွားများအားကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ကျွန်းလှ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွင်အသုံးပြုနည်းသင်တန်းနှင့် စမ်သပ်မဲပေးခြင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် စမ်းသတ်‌မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ထားဝယ်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲ၊ အသိပညာပေးပြပွဲများကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်( ၇၈) နှစ်မြောက်အာဇာနည်နေ့ကို အထိမ်းအမှတ် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲ၊ အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များပြပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ် လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၆ ဦးမြင့်ဇော် (ပြန်/ဆက်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် မဟာအောင်မြေမြို့နယ်ရှိ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ထိခိုက်သည့် အဆောက်အဦ ဖြိုချရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပြိုကျယိုင်နဲ့နေသည့် (၃)ထပ်ခွဲတိုက် အဆောက်အဦအား ဖြိုချရှင်းလင်းနေမှုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄- ၂၀၂၅ ခုနှစ် ထိခိုက်ပျက်စီးသော နွေစပါးစိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ခုနှစ် ထိခိုက်ပျက်စီးခဲ့သည့် နွေစပါးစိုက်တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to