မန္တလေး မတ် ၉
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ် ၉ ရက် နံနက် ၉ နာရီခွဲက နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေ ရန်နှင့်အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၀)မူလွန်ကျောင်းမှ ဆရာမဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲဝင် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်(၂၀)မူလွန်ကျောင်းမှ အင်္ဂလိပ်စကားပြောသင်တန်းဆရာမ ဒေါ်သွယ်သွယ်နှင်းက ဆက်လက်သင်ကြားသည်။ သင်တန်းကို မတ် ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို ကျောင်းသား/ကျောင်းသူ ၁၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)