ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ကျင်းပ ကြည့်မြင်တိုင် မတ် ၁၀ ခိုင်ဇာလင်း(ပြန်/ဆက်)

ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး၊ စားသောက်ဖွယ်များပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့်မိဘအုပ်ထိန်းသူများအား ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက မတ် ၉ ရက် ညနေက သွားရောက်အားပေးစကားပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ရပ်ရွာအ‌ခြေပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာကော်မတီတို့ ပူပေါင်းဖွင့်လှစ်သည့်ရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အခြေခံပညာကျောင်းသားကျောင်းသူ များအတွက် နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR ဆိုင်ရာများ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် EIR စနစ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၉ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့၌ တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ခရိုင်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ်ယနေ့နံနက်ပိုင်းက ပြင်ဦးလွင် မြို့မဈေးတွင် ဆောင်ရွက်သည်။       

ကျိုက်လတ်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပြုလုပ်မည့်စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to