တောင်ငူ မတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရန်ကုန်-မန္တလေးလမ်းအား ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်- မန္တလေးလမ်းသားလမ်းပုခုံးအား ကွန်ကရစ်ခင်းတိုးချဲ့ခြင်းလုပ်ငန်းများကို BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေကြယ်ကုမ္ပဏီမှ BOT စနစ်ဖြင့် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းသားလမ်းပုခုံး (Paved shoulder)ကို (၆ ပေ × ၈ ပေ) အကျယ် ၁၅၈/၂ မှ ၁၅၉/၆၊ ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်ခင်း၍ တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးသွားပါက အဆိုပါလမ်းအား မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ခြင်း၊ မော်တော်ယာဥ်များ ရပ်တန့်ရာတွင် အသုံးပြုနိုင်ခြင်းနှင့် လမ်းသားလမ်းပုခုံး ပိုမိုကျယ်လာခြင်းကြောင့် တောင်ငူမြို့သူ၊ မြို့သားများ၊ လမ်းသွားလမ်းလာ အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)