၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းလျာထားလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည်   ဩဂုတ်  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလျာထားလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက စီမံကိန်းလုပ်ငန်းများရေးဆွဲရာတွင် နိုင်ငံတော်မူဝါဒနှင့် ကိုက်ညီပြီး အမှန်တကယ်ပြည်သူအကျိုးလုပ်ငန်းများဖြစ်စေရန်၊ လုပ်ငန်းလုပ်ဆောင်ရာတွင် ဒေသပေါက်ဈေးနှင့် ကိုက်ညီစွာရေးဆွဲကြရေး အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူးဦးမြင့်ဦးက ဌာနများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရာတွင် လုပ်ငန်းများ မထပ်စေရေးနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ ငါးဇွန်မြို့နယ်များမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလျာထား လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်း၊ ခရိုင်ရေအရင်းအမြစ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်နိုင်၊ မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြင့်အောင်၊ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေါ်ခင်မာဝေနှင့် ခရိုင်လမ်းဦးစီးဌာနမှဦးကျော်ဇင်ထွေးတို့က မိမိတို့ဌာများအလိုက် စီမံကိန်းရေးဆွဲထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ခရိုင်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)