ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်

ဘီးလင်း ဩဂုတ် ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ    စာဖတ်ရှိန်မြင့်မားပြီး   အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်     ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်    အနိုင်းပွန်ကျေးရွာအုပ်စု   အ.မ.က (အင်းဖျား) ကျောင်းနှင့်     မွန်းလွဲပိုင်းတွင်     အ.မ.က (မာလိကာတောင်လေး)  ကျောင်း များသို့   သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

နယ်လှည့်စာကြည့်တိုက်များ  လိုက်လံဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများအား  စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေး တို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင် များကို  စိတ်ကြိုက်ရွေးချယ် ဖတ်ရှုစေပြီး ကဗျာရွတ်ဆိုနှင့် ​ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ   အသိပညာပေးလုပ်ငန်းတွင်   ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး   စာအုပ်စာပေများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်  အသိပညာပေး   နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ   ကျောင်းသား၊  ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)