မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ် ရောင်းချ

မြင်းခြံ ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့များအတွက် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် စံပြဈေးအတွင်း၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်အား ယနေ့ နံနက် (၈) အချိန်က ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆန် (၁) ပြည်လျှင် (၃၀၀၀) ကျပ်၊ ဆီ (၁) ပိဿာ လျှင် (၄၅၅၀) ကျပ်၊ ကြက်ဥ (၁) တစ်လုံးလျှင် (၂၈၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြင့် လိုအပ်သလောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။              

ကျော်စွာ(မြင်းခြံ)