မင်္ဂလာဒုံ သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က ဇဗ္ဗူသီရိကျောင်းတိုက်မှ ဆရာလေးဒေါ်ဥဇ္ဇောတိနီမှဦးစီး၍ ကိုးရီးယားနိုင်ငံချောင်နမ်မျက်စိဆရာဝန်အသင်းနှင့်အတူ မျက်စိစမ်းသပ်စစ်ဆေး၍ မျက်မှန်များအခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းများကို သြဂုတ် ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ၊ နံနက်၉နာရီမှ ညနေ၅နာရီအတွင်း သာသနာ့ဗိမာန်တော်ကြီး၌ လူဦးရေ ၁၅၀၀ခန့်ကို မျက်မှန်စက်ကြီးများဖြင့် မျက်စိစမ်းသပ်ပေးခြင်း၊ မျက်စိအတွက် လိုအပ်သောမျက်မှန်များ ပြုလုပ်ပေးခြင်းတို့ကို လူမျိူးဘာသာမရွေး မျက်စိအမြင်ကောင်းမွန်စေရန်ရည်ရွယ်၍ ပြုလုပ်ပေးခဲ့သည်။အဆိုပါ မျက်စိစမ်းသပ်ခြင်းများကို ကိုးရီးယားနိုင်ငံ ချောင်နမ်မျက်စိဆရာဝန်အသင်းမှ ခေတ်မီစက်ကြီးများဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သည့်မျက်မှန်များကို အခမဲ့လှူဒါန်းပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းတာဝန်ရှိသူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးလင်း (မင်္ဂလာဒုံ)