ရမည်းသင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းကြယ်သီးထိုးနည်းသင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အိမ်တွင်းမှုလုပ်ငန်းများတတ်မြောက်စေရန် နှင့်မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပန်းကြယ်သီးထိုးနည်း သင်တန်းကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ (၂)ရက်တာကာလအတွင်း ပန်းကြယ်သီးအမျိုးအစားများကို စုံလင်အောင်သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းပြီးမြောက်အောင်တက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့်မိမိတို့ဌာနအနေဖြင့် သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်းပြောကြားကာ သင်တန်းနည်းပြဆရာမဒေါ်ဆောင်းဆောင်းသိန်းအား နည်းပြဂါရဝလက်ဆောင်ပေးအပ်သည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၀)ဖြင့် မတ် ၁၀ ရက်မှ ၁၁ ရက်အထိ (၂) ရက်ကြာသင်ကြားပေးခဲ့ကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင် ပြန်/ဆက်)