ပုလော မတ် ၁၂
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အ.ထ.က (၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်၌ စာရင်းရှိ ၂၅၂ ဦးတွင် ၃၃၄ ဦး ၉၄.၈၉% ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလောပြန်/ဆက်)