မူဆယ်မြို့တွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္ဒသုခမိန္ဒ(စဝ်ဆုခမ်း)၏ ဂုဏဝိသိဒ္ဒဂုဏ်ပြုပူဇာသဘင်အခမ်းအနား ကျင်းပ

မူဆယ် မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းရာတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ဘဒ္ဒန္ဒသုခမိန္ဒ(စဝ်ဆုခမ်း)အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုဂုဏဝိသိဒ္ဒပူဇာသဘင် အခမ်းအနားကို လွယ်တိန်ခမ်းဘုရားကျောင်းဓမ္မာရုံကြီးတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ဘဒ္ဒန္ဒသုခမိန္ဒ(စဝ်ဆုခမ်း)အား ဘွဲ့တံဆိပ်တော်ကို တာဝန်ရှိသူများက ထပ်ဆင့်ကပ်လှူခဲ့ကြသည်။ ယင်းနောက် ဆရာတော်ကြီးမှ တရားရေအေးတိုက်ကျွေးခဲ့ပြီး မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဒါယကာဒါယိကာမများမှ လှူဒါန်းသည့် ကောင်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒါယကာဒါယိကာများက နေ့ဆွမ်းကပ်လှူခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)