မိုင်းယောင်း မတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အားကစားကွင်း၌ မတ် ၁ ရက်မှ ၁၅ ရက်အထိ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတော်ကို အကျိုးပြုမည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်လာစေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကြက်တောင်စသည့် အားကစားနည်းငါးမျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားစားနည်းအလိုက် သင်တန်းသား လူငယ် ၈၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးအောင်မျိုးဦးထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း