ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၌ ဖုန်းအားသွင်းထားခဲ့ရာမှ ဖုန်းဘတ္ထရီအပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပဲခူး မတ် ၁၄

ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ဓါတ်အားခွဲရုံလမ်းတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီ(၁၅)မိနစ်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ အုပ်ချုပ်မှုယာဉ်()စီး၊ မီးငြှိမ်းသတ်ယာဉ်()စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်()စီး၊ သန္ဓေတပ်ဖွဲ့ဝင် ()ဦး၊ စုစုပေါင်း အုပ်ချုပ်မှုယာဉ်()စီး၊ မီးငြှိမ်းသတ်ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၂၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ဖြင့် ၁၂နာရီ ၂၁ မိနစ်တွင် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂နာရီ၂၅ မိနစ်တွင် မီးညွန့်ကျိုး၍ ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်ရသည့်အကြောင်းအရင်းမှာ ကမာနတ်ကျေးရွာ ဓါတ်အားခွဲရုံလမ်း ပဲခူးမြို့နေသူသည် အိပ်ယာအနီးတွင် ဖုန်းအားသွင်းထားခဲ့ရာမှ ဖုန်းဘတ္ထရီအပူလွန်ကဲပြီး အနီးရှိအိပ်ယာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၁၅×၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ()ထပ် နေအိမ်()လုံး၊ မီးလောင်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)